Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label ဇာနည်ရဲမြင့်( သွား၊ဆေး). Show all posts
Showing posts with label ဇာနည်ရဲမြင့်( သွား၊ဆေး). Show all posts

Saturday, October 17, 2009

အိပ်မပျော်သောညများကုန်ဆုံးပါစေ

ညညအိပ်မပျော်သူများ၊ အိပ်ပျော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သူများအတွက်


၁- ည၈နာရီနောက်ပိုင်း ဘာမှမစားပါနဲ့ တော့ ။စားခဲ့ပြီးတဲ့ညနေစာကလည်း တအားကြီးစားတာမျိုးမဟုတ်ဘ

အိပ်ပျော်မူကို အားပေးတဲ့ သကြားနဲ့  ကစီဓာတ်ပါတဲ့ ကာဘိုဟိုက်ဒြိတ်ဒြပ်ပေါင်း အစားအစာမျိုးကိုပဲ စားဖို

့လိုအပ်တယ်

၂- အိပ်ရာမ၀င်ခင် ၄နာရီအတွင်းမှာစိတ်ရောကိုယ်ရောပါ ပင်ပန်းစေမယ့် ပြင်းပြင်းထန်ထန်

အလုပ်မျိုးမလုပ်ပါနဲ့ ။

၃- ကဖိန်း(Caffeine )ဓါတ်ပါတဲ့ကော်ဖီကို တစ်နေကုန်သောက်နေပေမယ့် ညနေ ၄နာရီနောက်ပိုင်းမှာ

မသောက်ရင် အကောင်းဆုံးပါပဲ။

၎- ည ၉နာရီ၊ ၁၀နာရီ ပတ်ဝန်းကျင်လောက်မှာ အိပ်ချင်လာရင် ဘာမှစဉ်းစားမနေနဲ့ တော့။ အိပ်ပစ်လိုက်ပါ ။

၅- အိပ်ရာဆိုတာ အိပ်ဖို့ အတွက်၊ နှစ်ကိုယ်တူယှဉ်တွဲဖို့ အတွက်ပါပဲ ။ ဒါကြောင့် အိပ်ရာပေါ်မှာ

အစာလည်းမစားနဲ့ ။ကွန်ပြူတာအသေး(Laptop)လေးလဲ မယူသွားနဲ့ ။အခြားအလုပ်လုပ်ဖို

့လည်းမစဉ်းစားပါနဲ့ အိပ်ဖို့ သက်သက်ပါပဲ။

၆- အိပ်ချိန်မှာ စိတ်ငြိမ်းချမ်းမူကို ဖန်တီးထားပါ။သူရဲ ၊ တစ္ဆေ၀တ္တုဖတ်တာမျိုး ၊ကြောက်စရာကောင်းတဲ့ VCD

ဖွင့်ကြည့်တာမျိုးကို ရှောင်ပါ။

၇- မအိပ်ခင်မှာ ကိုယ့်ပတ်ဝန်းကျင်ဟာလည်း အေးချမ်းငြိမ်သက်ပြီး နားနေစရာကောင်းဖို

့လိုပါတယ်။ကိုယ့်အတွက် သက်သောင့်သက်သာရှိရပါမယ်။

၈- အိပ်ရာနံဘေးမှာ ပန်းချီကားချိတ်ရင်လည်း အရောင်ဖျော့ဖျော့နဲ့ သိမ်မွေ့ နက်နဲတဲ့ ပန်းချီကားမျိုးပဲ
ချိတ်မယ်

။ဒီဇိုင်း ခပ်ဆန်းဆန်း ၊ခပ်ရှုပ်ရှုပ် အရောင်ကလည်း တောက်ပနေတဲ့ ပန်းချီကားဆိုရင်တော့

စိတ်အနှောက်အယှက်ဖြစ်မှာ။

၉- အိပ်ရာဝင်ရင် ၀တ်တဲ့အ၀တ်ဟာ ကိုယ်နဲ့ သက်သက်သာသာ ၊ချောင်ချောင်ချီချီ ရှိ ၊ မရှိ သတိထားရမယ်

။ချည်အပျော့စားနဲ့  ရက်လုပ်ထားတဲ့ အ၀က်ကို ၀တ်အိပ်ရင် အသက်ရှုရတာရော ၊အသားနဲ့ 

ထိကပ်နေတာရောဟာ သက်သောင့်သက်သာ ရှိတယ်၊ ည၀တ်ဂါဝန် အရှည်ကြီး ၀တ်အိပ်ရင်တော့

လှတယ်ဆိုပေမယ့် မကြာခဏ ရှုပ်ထွေးတာတို့ ၊ တွန့် လိမ်ကြေမွတာဖြစ်နေရင်

စိတ်အနှောက်အယှက်ဖြစ်စေတာပေါ့။

၁၀- တချို့ ကမအိပ်ခင်နှိပ်တာတို့ ၊ ပူနွေးတဲ့အရည်တစ်ခုခုသောက်တာတို့ ၊ရေနွေးလေးနဲ့ ရေချိုးလိုက်တာတို

့ဟာ ပိုပြီးအိပ်ပျော်စေတယ်လို့ ဆိုတယ်နော် ၊ အချို့ သိပ္ပံ ပညာရှင်တွေကတော့ ဒါကို

သိပ်ပြီးလက်မခံကြပါဘူး

။နှိပ်တာ ရေချိုးတာတွေလုပ်တဲ့အခါမှာ တချို့ ကအကြောအခြင်လျှော့ပြေစေတဲ့ ရေမွှေနံ့ သာဆီတွေနဲ့ 

လိမ်းကျံနှိပ်နယ် ရေချိုးတက်ကြတယ်။ တချို့ ကလည်း အထူးစီမံဖော်စပ်ထားတဲ့ နာမည်ကြီးတံဆိပ်

ရေမွှေးနံ

့ သာဆီတွေကို သုံးကြသေးတယ်။ ဒါတွေက အိပ်ပျော်အောင် အထူးစီမံဖော်စပ်ထားတာပါတဲ့။

၁၁- သင်ဟာ အသံကြောင့် အအိပ်ဆက်တက်ပါသလား။ အဲဒါဆိုရင် အသံဗလံတွေကို ယဉ်လာဖို

့ လေ့ကျင့်ယူရမယ်။ လေတိုက်တဲ့အသံဟာ ထူးထူးခြားခြား အသံမဟုတ်ပေမယ့် ကားသံလူသံတွေကို

ဖုံးလွှမ်းသွားတက်တယ်။ (ကြိုက်တက်ရင်) ညင်ညင်သာသာရှိတဲ့ ကလေးချော့သီးချင်းမျိုးလို

သီးချင်းစီဒီဓါတ်ပြားဖွင့် နားထောင်ရင်းအိပ်လိုက်ပေါ့ ။

၁၂- တကယ်လို့  ကိုယ့်အိပ်ခန်းအပြင်က မီးအလင်းရောင်ဟာ ကိုယ့်အခန်းကို ထိုးဖောက်ဝင်ရောက်နေရင်

ခန်းဆီးထူထူနဲ့  ကာရင်ကာ၊ မျက်လုံးကာအဖုံးလေး(Sleep Mask)နဲ့ အိပ်ပါ။

၁၃- ကိုယ်မြတ်နိုးနှစ်သက်တဲ့ ပစ္စည်းတစ်ခုခု၊ အရုပ်ကလေးတစ်ရုပ်ရဲ့ အနံ့ အသက် ၊ အထိအတွေ့ သို့ မဟုတ်

အသံလေးတစ်ခုခုကို ရှူနေ၊ ထိနေ၊ ကြားနေရမှ အိပ်ပျော်မယ်ဆိုရင် အဲဒီ အရုပ် သို့ မဟုတ် ပစ္စည်ကို

အိပ်ရာဆီယူသွားပါ။ ( မောင်.........မောင် တမောင်မောင်နဲ့  သိပ်ခေါ်ရမှ အိပ်ပျော်မယ့် အဖြစ်မျိုး ဆိုတဲ့

သီးချင်းထဲက လိုမျိုးလေ)

၁၄- ကြောင်၊ ခွေး စတဲ့ အိပ်မွေးတိရစ္ဆာန်လေးတွေဟာ ချစ်ဖို့ ကောင်းသလောက် လူအိပ်တဲ့နေရာမှာတော့

တော်တော်လေးကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးအဖြစ် အဲဒီ

တိရစ္ဆာန်လေးတွေဟာဒေါသထွက်လာရင် လူတွေကို တော်တော်ကသိကအောက်ဖြစ်စေတက်ပြီး သူတို

့ ရဲ့ကိုယ်က အမွေးအမျှင်တွေဟာလည်း လူအတော်တော်များများကို (Allergic)ဖြစ်စေတက်လို့ မနှစ်မြို

့သူများ

ဝေးဝေးရှောင်ပြီးအိပ်ပါ။

၁၅- နောက်ဆုံးတစ်ချက်ကတော့ အိပ်ခန်းထဲမှာ မကောင်းတဲ့အနံ့အသက်( ဥပမာ-မှိုနံ့ ၊ သိုးနံ့ နဲ့ ဖုန်နံ

့ )တွေရှိရင်တော့ အိပ်လို့ ရမှာ မဟုတ်ဘူး။ ဒီလေသန့် စင်စက်ရဲ့ တ၀ီဝီမြည်သံလေးကပဲ

နံဘေးပတ်ဝန်းကျင်က

ဆူညံသံတွေကို ဖုံးလွှမ်းပေးသွားတက်ပြီး အိပ်ကောင်းခြင်းကို မိတ်ဆွေရောက်ပါလိမ့်မယ် ။ ။