Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Showing posts with label # Posted by yenaing070 on နိုဘင်ဘာ 11. Show all posts
Showing posts with label # Posted by yenaing070 on နိုဘင်ဘာ 11. Show all posts

Thursday, November 12, 2009

စိတ်ရှိသူများသို့.....

စိတ်မညစ်ကြနဲ့နော်
စိတ်ခိုင်ပါတယ်ဆိုပြိးတော့
စိတ်လိုက်မာန်ပါမလုပ်လိုက်ပါနဲ့
စိတ်သွားတိုင်းကိုယ်မပါဘူး
စိတ်ထောင်းရင်သာကိုယ်ကျေသတဲ့။

စိတ်ပူစရာတွေ
စိတ်အေးအေးထား
စိတ်ဓါတ်ကျမသွားအောင်သာ
စိတ်ထိန်းပါ..။

စိတ်မချစရာတွေတွေးပြိး
စိတ်အားငယ်နေမယ့်အစား
စိတ်ချမ်းသာအောင်သာနေသွားစမ်းပါ။

စိတ်ကူးထားတာတွေ
စိတ်ပြောင်းသွားပြိလား
စိတ်လျှော့လိုက်တော့မလား
စိတ်ကစားတယ်ဆိုတဲ့ စကားကြားဖူးမှာပေါ့။

စိတ်တိုစရာတွေတွေး
စိတ်လေးလေးနဲ့
စိတ်ဆိုးမယ်အစား
စိတ်ရှည်ရှည်ထား
စိတ်ပေါ့သွားအောင်
စိတ်ကောင်ကောင်းသာမွေးလိုက်ပါတော့။

စိတ်ကြိးဝင်ပြိး
စိတ်ရူးပေါက်
စိတ်ထင်တာတွေလျှောက်လုပ်ရင်တော့
စိတ်လေသွားမှာပေါ့။

စိတ်ရိုင်းနဲ့
စိတ်ပုတ်တွေကို ရှောင်ရှားပြိး
စိတ်တိုင်းကျတဲ့ဘဝလေးထဲမှာ
စိတ္တဇသမားမဖြစ်အောင်သာကြိုးစား..။


ရေးသားသူ။ ။မြင့်နွယ် (တောင်တဂုံ)